Tuesday, August 22, 2017
Computer ဘာကို copy ကူးကူး copy မရဘူးဆိုသောသူတွေအတွက်ပါ
August 22, 2017
No comments
Write Protected
Card ,hard disk,USB များဖြင့် Data များကို ကူးယူသောအချိန်တွေ Message ကိုတွေ့မြင်ရပြီး Write Protected Problem ကိုကြုံတွေ့ရတတ်တယ် File၊ Folder အစရှိသည်ဖြင့် Data များကို ကူး ယူခြင်း၊ သိမ်းဆည်းခြင်းတို့ကိုပြုလုပ်၍မရခြင်း၊ Write Protected Problem ဖြစ်နေသည့် USB Drive ကို Format ချ၍မရနိုင်ခြင်း အစရှိသည်ဖြင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ Writer Protection ဖြစ်ရခြင်း အကြောင်းရင်းများမှာ USB Drive အတွင်း တစ်ခါ တစ်ရံဖြစ်ပေါ်နိုင်လေ့ရှိသည့် Physical Lock ကြောင့်ဖြစ်တယ် Write Protected ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ Virus သို့မဟုတ် Script များ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ် သည်။ Virus သို့မဟုတ် Script များသည် Registry Hack အတွင်းသို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ကွန်ပြူတာသို့ချိတ်ဆက်အသုံးပြုလာသည့် မည်သည့် USB Drive များကို Write Protected Problem ကိုဖြစ်ပေါ်စေပါသည် ကဲစရှင်းလ်ုက်ရအောင်ဗျ
၁။ Start/ Run တွင် regedit ဟုရိုက်၍ OK ပေးရပါမည်။
၂။ Registry Editor သို့ရောက်ရှိပါက အောက်ပါအတိုင်းအဆင့်ဆင့် ၀င်ရောက်ရပါမည်။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
၃။ Registry အတွင်း StorageDevicePolicies ကိုမတွေ့ရှိရပါက အသစ်တည်ဆောက်ပေးရန်လိုအပ်ပါသည်။
၎။ StorageDevicePolicies အသစ်တည်ဆောက်ရန်အတွက် Notepad တွင် အောက်ပါစသားများကို ကူးယူ၍ Paste ပေးရပါမည်။
cd\reg add “HKLM\System\CurrentControlSet\Control\StorageDevicePolicies” /t Reg_dword /v WriteProtect /f /d 1
၅။ အဆိုပါ Notepad ကို Save as မှတစ်ဆင့် နှစ်သက်ရာနာမည်ပေး၍ .bat File Type ဖြင့်သိမ်းဆည်းရပါမည်။ ထို့နောက် Double Click ဖြင့် Run ပေးရပါမည်။ ထိုအခါ StorageDevicePolicies ကို Registry အတွင်းတည်ဆောက်ပြီးဖြစ်ပါသည်။
၆။ ထို့နောက် Right Panel အတွင်းရှိ Write protect key ကို Double Click နှိပ်၍ Value Data Box တွင် ၀ (သုည) ကိုရေး၍ OK ပေးရပါမည်။
၇။ ကွန်ပြူတာကို Restart ပေးလိုက်ပြီးနောက် Write Protection Problem ကိုဖြေရှင်းပြီး USB Drive များကို ပုံမှန်အ တိုင်း ပြန်လည်အသုံးပြု နိုင်ပြီဖြစ်ပါသည်။
အဆင်ပြေပါစေဗျ
Credit... Ac Vs Dc
0 comments:
Post a Comment