ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အ
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Friday, August 25, 2017
Thursday, August 24, 2017
မိမိကွန်ပျူတာ Hangs ရခြင်းအကြောင်း (၁၀)ချက်
ကျွန်တော်တို့ ကွန်ပျူတာ ကိုသုံးနေရင် Hangs တာမျိုး Crashes ဖြစ်တာ မျိုး ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ကျွန်တော်တို့ မိမိတို့ စက် မှာ မလိုအပ်တဲ့ process တွေ အလုပ်လုပ်နေလို့ ဖြစ်ပါတယ် အဲဒီလို မဖြစ် ရအောင် ဖြေရှင်းနည်း (၁၀) ချက်ရှိတယ်။
1. မိမိတို့ computer မှာ ctrl+alt+ delete key
1. မိမိတို့ computer မှာ ctrl+alt+ delete key
ကွန်ပျူတာအသုံးပြုရာတွင် လျင်မြန်စွာအသုံးပြုလိုသူများအတွက် အသုံးဝင်မည့် shortcuts keys များ
Shortcuts keys များ
Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။
Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။
Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။
Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။
Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။
Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။
Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။
F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။
Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။
Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။
Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။
ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။
Windows program key combination
Ctrl + C - မိတ္တူ ပွားပေး ပါမယ်။
Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။
Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။
Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။
Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။
Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။
Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။
Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။
Shift + Left Click (နှစ်ချက်)
Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။
F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။
Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။
Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။
Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။
Alt + Tab (or) Alt + F6- ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။
Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။
Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။
Alt + hypen - Multiple Document Interface ကို ပြသ ပေးတယ်။
Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။
Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။
Selected objects & shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။
F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။
Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။
ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။
Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။
F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။
General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။
F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။
Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။
Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။
Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။
+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။
-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။
Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။
Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)
Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။
ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။
‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။
ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။
Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။
Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။
Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။
Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။
Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။
Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။
Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။
Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။
Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။
Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။
Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။
Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။

August 24, 2017
No comments
ကွန်ပြူတာ ဗိုင်းရပ်စ်များအကြောင်း
Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခု ဖြစ်ပြီးကွန်ပျူတာ တစ်ခုကနေတစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ် လူတွေမှာ Virus ကူး သလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့System ကို ပုံမှန်အလုပ်မလုပ်အောင် နှောက် ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက် ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ် စ တာတွေကို လုပ်ဆောင်ပါတယ်..

Memory Stick တွေမှာကြုံတက် တဲ့ပြသာနာလေးများ
August 24, 2017
No comments
Memory Stick တွေမှာကြုံတက် တဲ့ပြသာနာလေးတွေ ပါဖြေရှင်းတဲ့ နည်းလေးပြောပြမှာပါ… သိပြီးသား သယ်ချင်းတွေလဲ သည်းခံပြီး ဆက်ဖတ်ပေး ပါနော်… ကျွန်တော်လဲ လိုက်ပြီး မွှေနောက် ၇င်း တွေ့ ၇ှိ တာ လေးတွေကို ပြန်လည်ဝေမျှပေး တာပါ------ အမှားပါခဲ့၇င် လဲ တောင်းပန်ပါတယ် ခင်ဗျာ----
သူငယ်ချင်းတို လဲ ကြုံဖူးကြမှာပါ… Memory Stick ထိုးလိုက်တာနဲ့ .. Autorun.inf တို့  Recycled.exe တို့  Rundll32.exe တို့ …ဘာတို့ ညာတို့ ပေါ့… အဲဒီ virus တွေ့ ကို
Tuesday, August 22, 2017
Computer ဘာကို copy ကူးကူး copy မရဘူးဆိုသောသူတွေအတွက်ပါ
Write Protected
Card ,hard disk,USB များဖြင့် Data များကို ကူးယူသောအချိန်တွေ Message ကိုတွေ့မြင်ရပြီး Write Protected Problem ကိုကြုံတွေ့ရတတ်တယ် File၊ Folder အစရှိသည်ဖြင့် Data များကို ကူး ယူခြင်း၊ သိမ်းဆည်းခြင်းတို့ကိုပြုလုပ်၍မရခြင်း၊ Write Protected Problem ဖြစ်နေသည့် USB Drive ကို Format ချ၍မရနိုင်ခြင်း အစရှိသည်ဖြင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ထိုသို့ Writer Protection ဖြစ်ရခြင်း အကြောင်းရင်းများမှာ USB Drive အတွင်း တစ်ခါ တစ်ရံဖြစ်ပေါ်နိုင်လေ့ရှိသည့် Physical Lock ကြောင့်ဖြစ်တယ် Write Protected ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ Virus သို့မဟုတ် Script များ၏ အကျိုးသက်ရောက်မှုကြောင့်ဖြစ် သည်။ Virus သို့မဟုတ် Script များသည် Registry Hack အတွင်းသို့ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ကွန်ပြူတာသို့ချိတ်ဆက်အသုံးပြုလာသည့် မည်သည့် USB Drive များကို Write Protected Problem ကိုဖြစ်ပေါ်စေပါသည် ကဲစရှင်းလ်ုက်ရအောင်ဗျ
၁။ Start/ Run တွင် regedit ဟုရိုက်၍ OK ပေးရပါမည်။
၂။ Registry Editor သို့ရောက်ရှိပါက အောက်ပါအတိုင်းအဆင့်ဆင့် ၀င်ရောက်ရပါမည်။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies
၃။ Registry အတွင်း StorageDevicePolicies ကိုမတွေ့ရှိရပါက အသစ်တည်ဆောက်ပေးရန်လိုအပ်ပါသည်။
၎။ StorageDevicePolicies အသစ်တည်ဆောက်ရန်အတွက် Notepad တွင် အောက်ပါစသားများကို ကူးယူ၍ Paste ပေးရပါမည်။
cd\reg add “HKLM\System\CurrentControlSet\Control\StorageDevicePolicies” /t Reg_dword /v WriteProtect /f /d 1
၅။ အဆိုပါ Notepad ကို Save as မှတစ်ဆင့် နှစ်သက်ရာနာမည်ပေး၍ .bat File Type ဖြင့်သိမ်းဆည်းရပါမည်။ ထို့နောက် Double Click ဖြင့် Run ပေးရပါမည်။ ထိုအခါ StorageDevicePolicies ကို Registry အတွင်းတည်ဆောက်ပြီးဖြစ်ပါသည်။
၆။ ထို့နောက် Right Panel အတွင်းရှိ Write protect key ကို Double Click နှိပ်၍ Value Data Box တွင် ၀ (သုည) ကိုရေး၍ OK ပေးရပါမည်။
၇။ ကွန်ပြူတာကို Restart ပေးလိုက်ပြီးနောက် Write Protection Problem ကိုဖြေရှင်းပြီး USB Drive များကို ပုံမှန်အ တိုင်း ပြန်လည်အသုံးပြု နိုင်ပြီဖြစ်ပါသည်။
အဆင်ပြေပါစေဗျ
Credit... Ac Vs Dc
Saturday, November 26, 2016
Laptop ဝယ်လျှင် သိထားသင့်သော အကြောင်းအရာများ
laptop တစ်လုံးဝယ်တာဟာ မိုင်းကွင်းထဲမှာ ကွင်းရှောင်ရတာလောက်တော့ မခက်ခဲပါဘူး။ ဒါပေမဲ့ ဒီ Laptop နဲ့ ဘာလုပ်မှာလဲဆိုတဲ့ အသိလောက်တော့ ရှိဖို့လိုပါတယ်။ ဒါကြောင့် အလွယ်တကူ နားလည်နိုင်မယ့် လမ်းညွှန်းချက်လေးတွေကို ရေးဖြစ်ပါတယ်။ ဒါဆိုရင် Laptop တစ်လုံးကို ယုံကြည်ချက်အပြည့်နဲ့ ဝယ်နိုင်ပါပြီ။
ဘာအတွက် လိုချင်တာလဲဆိုတာကို ဆုံးဖြတ်ပါ
Laptop တစ်လုံးကို ဝယ်တော့မယ်ဆိုရင် အရေးကြီးဆုံးက
အဲဒီ Laptop ကို ဘာအတွက်သုံးမှာလဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သင်ဟာ Laptop ကိုသယ်ပြီး မကြာခဏ ခရီးသွားမယ်ဆိုရင်ဖြင့် Laptop ကြီးကြီးဝယ်လို့ အလကားပါပဲ။ ဒီလိုပဲ ခရီးမသွားဘူးဆိုရင် ကြီးကြီးဝယ်ဖို့ သင့်တယ်ဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သင်ဟာ Laptop ကို အိမ်က Desktop PC အတွက် အစားထိုးသုံးဖို့ ဝယ်တာဆိုရင်တော့ netbook တွေကို ဘယ်လောက်ပဲလှလှ မဝယ်သင့်ပါဘူး။ Laptop ကို အိမ်မှာ သိပ်မသုံးဖြစ်ဘူးဆိုရင် ultraportablelaptop မျိုးကို သုံးတာက ပိုပြီး သဘာဝကျပါတယ်။ ဒါပေမဲ့ ultraportablelaptop တွေဟာ ဈေးနှုန်းကြီးမြင့်တာကိုတော့ သတိပြုရပါမယ်။ ဂိမ်းကစားချင်သူတွေနဲ့ ရုပ်ရှင်ကြည့်ချင်သူတွေကတော့ အနည်းဆုံး ၁၇ လက်မ laptop ကို သုံးသင့်ပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်ကတ်ကောင်းကောင်း Geforce ဒါမှမဟုတ် AMD Radeon HD စတာတွေ ပါဝင်သင့်ပါတယ်။
Mac (သို့) PC ကို ရွေးချယ်ပါ
ဈေးနှုန်းနဲ့ ရင်းနှီးပြီးသား ပုံစံမျိုးကိုပါ သုံးချင်တယ်ဆိုရင်တော့ Winodws7 သုံးတဲ့ Laptop ကိုပဲ ရွေးရပါမယ်။ Windows 7 ဟာ မြန်ဆန်ပြီး စိတ်ချရတဲ့အပြင် သုံးရတာ လွယ်ကူပါတယ်။ ဒါ့အပြင် သင်နှစ်သက်ရာ software ကိုလည်း သုံးခွင့်ရှိပါတယ်။ ပိုပြီး စတိုင်လ်ကျချင်ရင်တော့ Apple OS လက်ရှိကာလမှာ OSX Moutain Lion သုံးတဲ့ Mac Laptop တွေကို ရွေးချယ်ရပါလိမ့်မယ်။ သုံးစွဲရ လွယ်ကူပေမယ့် သုံးနေကျမဟုတ်ခဲ့ရင်တော့ အချိန်ပေးပြီး လေ့ကျင့်မှု လုပ်ရပါလိမ့်မယ်။ Mac Laptop တွေဟာ ပိုလှပပေမယ့် Windows 7 Laptop တွေထက် ပိုပြီး ဈေးကြီးပါတယ်။ ဒါ့အပြင် အသစ်ထွက်လာတဲ့ Laptop တွေကိုလည်း မျက်ခြည်ပြတ်မခံသင့်ပါဘူး။ သင့် Laptop ဟာ သင်မဝယ်ခင်ကတည်းက version နိမ့်နေပြီဆိုရင် ဝယ်ရတာ မကိုက်သေးပါဘူး။ Mac OSX Mountain Lion ဟာ ၂၀၁၂ ထဲမှာ အသစ်ထွက်ထားပြီး Microsoft က Windows 8 ကို 2012 အောက်တိုဘာထဲမှာ ဖြန့်ချိဖို့ရှိနေပါတယ်။
Hard drive ကြီးကြီး တကယ်ပဲလိုသလား
နည်းပညာတွေ တိုးတက်လာတာနဲ့ သီချင်း၊ ပရိုဂရမ်နဲ့ ဗီဒီယိုတွေအတွက် မှတ်ဉာဏ်ပမာဏ လိုအပ်ချက်ဟာ မြင့်မားလာပါတယ်။ အရည်အသွေးနိမ့်တဲ့ ဈေးပေါပေါ Laptop တွေမှာ 250GB hard drive လောက်ပဲ ပါဝင်လေ့ရှိလို့ နည်းနည်းသေးတာ အမှန်ပါပဲ။ (ဒီထက်နိမ့်တဲ့ hard drive ပမာဏဆိုရင် ရေရှည်သုံးဖို့ လုံးဝမစဉ်းစားသင့်ပါဘူး) ဒါပေမဲ့ Laptop အတွက် တကယ်ကြီးတဲ့ hard drive တွေကိုရော လိုအပ်ပါရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်။ External Hard drive တွေဟာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်သလို သင့်ရဲ့ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို စတာတွေကို အလွယ်တကူ သိမ်းဆည်းပေးထားနိုင်ပါတယ်။ ဒီနည်းနဲ့ဆိုရင်တော့ hard drive ကြီးကြီးမလိုအပ်တဲ့အတွက် ငွေကုန်ကြေးကျ သက်သာနိုင်ပါတယ်။
ပိုက်ဆံမဖြုန်းပါနဲ့
သင့်ရဲ့ Laptop ဟာ ပေါ့ပါးပြီး ဘက်ထရီကြာကြာခံတာနဲ့အမျှ ပိုက်ဆံအများကြီး ပိုပေးရပါတယ်။ ဒါကြောင့် ဒီလိုအမျိုးအစားတွေကို သယ်ယူသွားလာဖို့ တကယ်လိုအပ်မှု ရွေးချယ်သင့်ပါတယ်။ တချို့ Laptop တွေဟာ six ဒါမှမဟုတ် nine cell ဘက်ထရီတွေကို သုံးထားပြီး ၈ နာရီလောက် အသုံးခံတယ်လို့ ကြော်ငြာကြပါတယ်။ ဒါဆိုရင် ငွေကုန်ကြေးကျ ပိုများဖို့ သေချာပါတယ်။ သယ်ယူရတာ ပေါ့ပါးတဲ့ Laptop ကို လိုချင်ရင်တော့ 2kg အောက် laptop တွေကို 'ultraportalbe' အဖြစ် သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဒီ Laptop တွေဟာ စွမ်းဆောင်ရည်နိမ့်တဲ့ ပစ္စည်းတွေကို သုံးတတ်တဲ့အတွက် စွမ်းဆောင်ရည် ညံ့ဖျင်းတတ်ပါတယ်။ ဒါ့အပြင် ပေါင် ၁၀၀၀ အထက်လည်း ကျသင့်တာများပါတယ်။ သင့် Laptop ကို ဝေးဝေးလံလံ သယ်ယူဖို့ အစီအစဉ်မရှိရင် ဒီအတွက်လည်း ငွေကုန်မခံသင့်ပါဘူး။
မလိုအပ်တဲ့ စွမ်းရည်တွေကိုလည်း မမက်ပါနဲ့
သင်ဟာ Laptop ကို အင်တာနက်ကြည့်ရုံ၊ အလုပ်လုပ်ရုံနဲ့ ရုပ်ရှင်ကြည့်ရုံသက်သက်ပဲ သုံးမယ်ဆိုရင်တော့ အခြေခံအဆင့် ပေါင် ၂၅၀ က ပေါင် ၄၀၀ ဝန်းကျင် Laptop တွေဟာ ကောင်းကောင်း လုံလောက်ပါတယ်။ အခြေခံအဆင့်မှာပဲ Laptop တွေရဲ့ ပါဝင်တဲ့ပစ္စည်းတွေဟာ ကွဲပြားမှုတွေရှိတာကြောင့် စံတစ်ခုတော့ သတ်မှတ်သင့်ပါတယ်။ ဒါကြောင့် အနည်းဆုံး Core i3 processor နဲ့ 4GB RAM လောက်ကို သုံးဖို့ စဉ်းစားထားသင့်ပါတယ်။ (Core i3 နဲ့ တန်းတူလောက်ရှိတဲ့ AMD Processor ကိုလည်း နှစ်သက်ရင် စဉ်းစားနိုင်ပါတယ်။) ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို လိုချင်ရင်တော့ intel Core i5 ဒါမှမဟုတ် i7 processor ရဲ့ နောက်ဆုံး version ကို သုံးရပါမယ်။ Lowvoltage technology တစ်ပါတည်း ပါဝင်ဖို့လည်း သတိပြုသင့်ပါတယ်။ On board ဂရပ်ဖစ်ဟာ 1080p HD ဗီဒီယိုကြည့်ဖို့အတွက် လုံလောက်ပါတယ်။ ဒါပေမဲ့ ဂိမ်းကစားဖို့ ရည်ရွယ်ခဲ့ရင်တော့ သီးသန့် ဂရပ်ဖစ်ကတ် ပါဝင်တဲ့ Laptop မျိုးကို ရွေးချယ်ရမှာဖြစ်ပြီး အနည်းဆုံး CPU ကို Core i5 လောက်နဲ့ RAM 4GB လောက် ပါရှိရင် ပိုသင့်လျော်ပါလိမ့်မယ်။
အနာဂတ်အတွက် ပြင်ဆင်ခြင်း
အခြေခံပစ္စည်းတွေအပြင် တခြားထည့်သွင်းစဉ်းစားစရာ အချက်တွေလည်း ရှိပါသေးတယ်။ လက်ရှိ ထည့်သွင်းစဉ်းစားဖို့သင့်တဲ့ အချက်တွေထဲမှာ USB 3.0 လည်း ပါဝင်ပါတယ်။ Laptop တွေမှာ USB Port အမြဲပါဝင်ပီး memory card, mouse စတာတွေအတွက် သုံးနိုင်ပါတယ်။ ဒါပေမဲ့ USB 3.0 ဟာ external hard drive လိုဟာမျိုး သုံးမယ်ဆိုရင် USB 2.0 ထက် ပိုမြန်လို့ သုံးရတာ အဆင်ပြေစေပါတယ်။ USB 3.0 ဟာ 2.0 ထက် ၁၀ ဆ ပိုမြန်တာပါ။ ဒါကြေ?}OίWg{ာ ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။ နောက်ထပ် အကျိုးများနိုင်မယ့် တိုးချဲ့မှုကတော့ SSD (Solid statedrive) ဖြစ်ပြီး ပိုမိုမြန်ဆန်ပေါ့ပါးတဲ့အပြင် ဘက်ထရီသုံးစွဲမှုလည်း သက်သာစေပါတယ်။ သက်တမ်းလည်း ပိုမိုကြာရှည်ခံတဲ့အတွက် သင်ဟာ ငွေကြေးတတ်နိုင်မယ်ဆိုရင် SSD ပါဝင်တဲ့ Laptop ကို ဝယ်တာက သင့်အတွက် ပိုကောင်းမွန်စေပါတယ်။
Laptop အတွင်းမှ ပစ္စည်းများ
Laptop ဝယ်ပြီဆိုတာနဲ့ သင့်လက်ထဲကို ရောက်လာမှာက Laptop specs တွေပါတဲ့ စာရွက်ပါ။ အဲဒီစာရွက်ထဲက အခေါ်အဝေါ်တွေဟာ သုံးနေကျသူကိုတောင် မျက်စိလည်နိုင်ပါတယ်။ အဲဒီအတွက် Laptop ဝယ်တဲ့အခါမှာ အဲဒီအချက်အလက်တွေကို နားလည်ထားသင့်ပါတယ်။
Hard drive
Hard drive ဟာ သင့်ရဲ့ File နဲ့ Folder တွေအားလုံး သိမ်းဆည်းဖို့နေရာဖြစ်ပြီး ပမာဏ ပိုများတာနဲ့အမျှ data တွေကို ပိုမိုသိမ်းဆည်းနိုင်ပါတယ်။ လက်ရှိကာလ Laptop တွေမှာ အနည်းဆုံး 160 GB ပမာဏလောက်ကစပါဝင်ပြီး 1TB လောက်ထိ ပါဝင်ပါတယ်။ 250 GB လောက်ရှိရင်ကိုပဲ လူအများစုအတွက် ကောင်းကောင်းလုံလောက်ပါတယ်။
Graphics Card
Graphic Card ဟာ Laptop Screen ပေါ်က ပုံရိပ်တွေအတွက် တာဝန်ရှိပါတယ်။ integrated နဲ့ dedicated ဂရပ်ဖစ်ကတ်နှစ်မျိုးရှိပြီး Laptop ဝယ်ယူစဉ်မှာ မှန်မှန်ကန်ကန် ရွေးချယ်ခဲ့ဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နောက်မှ အဆင့်မြင့်ဖို့ ခက်လို့ပါ။ Integrated Chips တွေထဲက intel GMA လိုဟာမျိုးတွေဟာ အခြေခံအတွက်ပဲဖြစ်ပြီး သီးသန့် (dedicated) chips တွေဖြစ်တဲ့ Nvidia လို ဂရပ်ဖစ်ကတ်တွေကမှ ပိုကောင်းတဲ့ ဂရပ်ဖစ် စွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။
Processor
Processor ဟာ သင့် Laptop ရဲ့ ဦးနှောက်ဖြစ်ပြီး သင်သုံးသမျှ data တွေကို တွက်ချက်ပေးရပါတယ်။ Processor ပိုကောင်းတာနဲ့ သင့် Laptop ဟာ ပိုမြန်မှာဖြစ်ပြီး ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ရပါလိမ့်မယ်။ Intel Atom CPU တွေကိုတော့ အခုအချိန်ထိ Notebook လေးတွေမှာ တွေ့ရတတ်ပါတယ်။ Atom Z series တွေဟာ စွမ်းအင်သုံးစွဲမှုနည်းပြီး ပိုဈေးကြီးပါတယ်။ Atom N series တွေကတော့ ကုန်ကျစရိတ် သက်သာပါတယ်။ Atom CPU တွေကို အများအားဖြင့် HP mini တွေ၊ Lenovo ideaPad S10, Acer Aspire One, ASUS Eee PC တွေမှာ တွေ့ရပါတယ်။ တခြား Notebook တွေမှာလည်း အများအပြား တွေ့ရပါတယ်။ Intel Atom ပါဝင်တဲ့ Note Book တွေကို သုံးမယ်ဆိုရင် သိထားသင့်တာက Core 1 ခုသာ ပါဝင်တဲ့ Atom ရဲ့ စွမ်းဆောင်ရည်ဟာ pentium M နဲ့ Clock rate ချင်း တူခဲ့မယ်ဆိုရင်တောင် Pentium M စွမ်းဆောင်ရည်ထက် တစ်ဝက်တိတိ နိမ့်ကျတာပါပဲ။ ဥပမာပြရရင် Atom n 270 (1.6GHz) ဟာ benchmarks တိုင်းကြည့်ရင် pentium M 740 (1.73GHz) ထက် တစ်ဝက် လျော့နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် intel Atom CPU တွေဟာ စရိတ်သက်သာဖို့နဲ့ စွမ်းအင် ချွေတာဖို့အတွက်ပဲ အဓိကထားပြီး သုံးသင့်ပါတယ်။ တစ်ခါတစ်ရံ Laptop အဟောင်းတွေမှာ Centrino Processor ကို တွေ့ရတတ်ပါတယ်။ Centrino Processor ဟာ Mobile Processor မှာ အခြေခံထားပြီး wireless network ကိုပါ တွဲဖက်သုံးနိုင်တဲ့သဘော ရှိပါတယ်။ ဘက်ထရီသက်တမ်း ပိုကြာစေပြီး ပိုမိုပါးလွှာ ပေါ့ပါးစေလို့ ခေတ်စားခဲ့ပါတယ်။ intel ရဲ့ နောက်ဆုံးပေါ် processor တွေဖြစ်တဲ့ core i3, i5 နဲ့ i7 တို့မှာ ဂရပ်ဖစ်ပါ သီးသန့်ပါဝင်လာတာကြောင့် ငွေများများ ထပ်သုံးစရာမလိုဘဲ HD movies နဲ့ games တွေကို ခံစားနိုင်ပါလိမ့်မယ်။
Memory
သင့်ရဲ့ ကွန်ပျူတာဟာ သတင်းအချက်အလက်တွေကို memory ထဲမှာ သိမ်းဆည်းထားပြီး လုပ်ငန်းအတွက် လိုအပ်ရင် ပြန်လည်ခေါ်ယူပါတယ်။ ဒီ memory ကို RAM Memory ပိုများလေလေ သိမ်းဆည်းနိုင်တဲ့ reserve များပြားလာတာကြောင့် သင့်ကွန်ပျူတာဟာ တုံ့ပြန်မှု ပိုမြန်လာမှာဖြစ်ပြီး တောင်းဆိုမှုမြင့်မားတဲ့ ပရိုဂရမ်နဲ့ ဂိမ်းတွေအတွက် RAM Memory များများရှိရင် ပိုကောင်းပါတယ်။
Optical drive
Optical drive ဟာ သင့်ရဲ့ data တွေကို CD, DVD နဲ့ Blu-ray တွေမှာ သိမ်းဆည်းဖို့ ကူညီနိုင်သလို သီချင်းနဲ့ ဗီဒီယိုတွေလည်း ကြည့်ဖို့ အဆင်ပြေစေပါတယ်။ တချို့ Laptop တွေမှာ Tri-format DVD DL Drive တွေ ပါဝင်တတ်ပြီး DVD Super Multi Drive လို့ ခေါ်ပါတယ်။ ဒီ Drive ဟာ လက်ရှိ DVD နဲ့ CD format အားလုံးကို လက်ခံနိုင်ပြီး CD နဲ့ dual-layer DVDs တွေထဲမှာ data ကို မှတ်သားထားနိုင်ပါတယ်။ Blu-ray drive တွေကတော့ ဈေးနှုန်းမြင့်တဲ့ Laptop တချို့မှာလည်း ပါဝင်ပြီး HD movies တွေကြည့်လို့ရစေပါတယ်။ USB 3.0 နှင့် Thunderbolt Thunderbolt ဟာ ဆက်သွယ်မှုမြင့်မားတဲ့ နည်းစနစ်အသစ်တစ်ရပ်ဖြစ်ပြီး ၂၀၁၂ အစောပိုင်းကမှ ပီပီပြင်ပြင် ဖြစ်လာခဲ့တာပါ။ USB (3.0) ထက် နှစ်ဆမြန်ပြီး Apple ပစ္စည်းတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ မကြာခင် intel နဲ့ တခြား Laptop, Notebook, PC တွေမှာလည်း ပါဝင်လာပါလိမ့်မယ်။ Acer နဲ့ Asus ဟာ Thunderbolt ထည့်သွင်းဖို့ စတင်နေပါတယ်။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆိုရင် ကိုယ့် Laptop မှာ ဘယ်လို ports တွေပါသလဲဆိုတာ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ Thunderbolt ဟာ တစ်ချိန်မှာ သေချာပေါက် ခေတ်စားလာမှာဆိုပေမယ့် လက်ရှိကာလမှာ ရှားပါးပါသေးတယ်။ ဒါပေမဲ့ သင့်ရဲ့ Laptop ဟာ လျင်လျင်မြန်မြန် ဆက်သွယ်အလုပ်လုပ်နိုင်ဖို့အတွက်တော့ အနည်းဆုံး USB 3.0 လောက်တော့ ပါဝင်သင့်ပါတယ်။ USB 3.0 ဟာ တစ်စက္ကန့်ကို 625MB ပို့ဆောင်ပေးနိုင်ပြီး USB 2.0 ထက် ဆယ်ဆပိုမြန်ပါတယ်။ ဒီတော့ အနာဂတ်မှာ ပြောင်းလဲလာမယ့် data ပို့ဆောင်မှုစနစ်တွေကို အနည်းငယ်လောက်တော့ သိထားတာ ပိုအဆင်ပြေစေပါတယ်။
Laptop တွေအတွက် သတိထားသင့်သော အချက်များ
- Laptop တွေဟာ အပူချိန်မြင့်လာတာကို ခံနိုင်ရည်မရှိပါဘူး။ ဒီအတွက် လိုအပ်ရင် ပြင်ပက ပန်ကာတွေ သီးသန့်တပ်ဆင်သင့်ပါတယ်။
- Laptop တွေဟာ မျက်နှာပြင် ညီညာမှသာ သုံးသင့်ပါတယ်။ မျက်နှာပြင်မညီညာခဲ့ရင် လေဝင်လေထွက်အပေါက်တွေပိတ်ပြီး အပူချိန်တက်လာနိုင်ပါတယ်။
- Laptop ဝယ်လာခဲ့ရင် ပါလာတဲ့ Keyboard projector တွေကို ဖယ်ပြီးမှ သုံးပါ။ လေဝင်လေထွက်ကို ပြဿ နာရှိစေပါတယ်။
- အပူချိန် တက်မတက်ကို Laptop ထဲက ပန်ကာသံနဲ့ နားထောင်နိုင်ပါတယ်။ ပန်ကာသံ ဆူညံလွန်းလာရင် ပိုပြီး အပူချိန်တက်လာလို့ ပိ?8O5nϯ]Ywရတာပါ။ ဒီလိုမျိုး မကြာမကြာ ဖြစ်ရင် အပူချိန်လျှော့ချဖို့ တခြား ပြင်ပ အကူအညီ ရယူသင့်ပါပြီ။ (ဥပ7z4o]g wဖုန်နဲ့ အမှိုက်တွေကို ၆ လတစ်ခါ တစ်နှစ်တစ်ခါ သန့်ရှင်းရေးလုပ်ပေးပါ။
- Laptop ဘက်ထရီကို လုံးဝကုန်တဲ့အထိ မသုံးပါနဲ့။ အနည်းဆုံး ၅% လောက်ပဲကျန်ရင် အားပြန်သွင်းပေးပါ။ အားကုန်တဲ့အထိသုံးရင် စက်ကို ထိခိုက်နိုင်သလို ဘက်ထရီလည်း ထိခိုက်စေပါတယ်။
- laptop ဝယ်ရင် laptop အိတ်ကိုပါဝယ်ပါ။ သယ်ယူဖို့အတွက်တင်သာမကဘဲ Laptop ကို အကာအကွယ် အမျိုးမျိုး ပေးနိုင်ပါတယ်။ ကိုယ်ဝယ်တဲ့ Laptop တံဆိပ်အတိုင်း ဝယ်ရင် ပိုကောင်းပါတယ်။
Net Guide Journal